Job Overview
Job Location: Hlaingtharyar Township
Type of Business/Product: Manufacturing/ Fertilizer
Job Ref No: 36P1591
Salary: 2,000,000/- Kyats
Job Requirements
- တက္ကသိုလ်တစ်ခုခုမှဘွဲ့ရပြီးသူဖြစ်ရမည်။
- သက်ဆိုင်ရာလုပ်ငန်းအတွေ့အကြုံ(၅)နှစ်ရှိရမည်။
- ကုမ္ပဏီ၏ စက်ရုံမန်နေဂျာသည်လုပ်ငန်းစဉ်များကိုကြီးကြပ်ပြီး လုပ်ဆောင်မှုများအားလုံးကို ညှိနှိုင်းပေး သော ကျွမ်းကျင်ပညာရှင် ဖြစ်ရမည်။
- လိုအပ်သည့် သတ်မှတ်ရက်များအတွင်း ထုတ်လုပ်မှုအစီအစဉ်အား ပြည့်မီစေရန်အတွက် ကြိုတင် ပြင်ဆင်ရမည်။
- ကုန်လက်ခံပြေစာ၊ ကုန်ပေးပို့ခြင်းနှင့် ကုန်ပစ္စည်းသိုလှောင်ခြင်းတို့အား ကြီးကြပ်ရမည်။
- အလုံးစုံတာဝန်ယူရသော အလုပ်များအား လုပ်ဆောင်ရမည်။
- ဂိုဒေါင်စီမံခန့်ခွဲရေးဆိုင်ရာ လုပ်ငန်းဆောင်တာများအား ကြီးကြပ်ရမည်။
- ကုမ္ပဏီ၏ မူဝါဒများ၊ မျှော်မှန်းချက်နှင့်အညီ ဂိုဒေါင်အား မဟာဗျူဟာကျကျ စီမံခန့်ခွဲရန်။
- နေ့စဉ် ကုန်လက်ခံခြင်း၊ ကုန်သိုလှောင်ခြင်း၊ ကုန်ဖြန့်ဖြူးခြင်းနှင့် ကုန်ထိန်းသိမ်းခြင်း လုပ်ငန်းများအား ကြီးကြပ်ရန်။
- ဂိုဒေါင် အပြင်အဆင် စနစ်များအားချမှတ်ပြီး ဂိုဒေါင်အတိုင်းအတာအား ထိရောက်စွာ အသုံးပြုနိုင်ရေး အား သေချာစစ်ရန်။
- အကောင်းမွန်ဆုံးသော လုပ်ငန်းလည်ပတ်မှု မူဝါဒများနှင့် လုပ်ထုံးလုပ်နည်းများအား စတင်ရန်၊ ညှိနှိုင်း ရန် နှင့် လက်တွေ့အသုံးပြုရေးအား တွန်းအားပေးရန်။
- ကုန်သိုလှောင်ခြင်း၊ ထုတ်ပိုးခြင်းနှင့် ကုန်ပို့ဆောင်ခြင်းဆိုင်ရာများနှင့် ပတ်သက်သော လိုက်နာရန် လိုအပ်သည့် ဥပဒေလိုအပ်ချက်များအားလုံးအား လိုက်နာနိုင်ရေးအား စီမံခန့်ခွဲရန်။
- ကျန်းမာရေး၊ ဘေးကင်းရေး၊ တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် လုံခြုံရေးဆိုင်ရာ စံနှုန်းများအား ထိန်းသိမ်း ရန်။
- ကုန်လက်ကျန်ထိန်းသိမ်းမှုအား စီမံခန့်ခွဲရန်နှင့် ဒေတာအချက်အလက်များအား သိုလှောင်ရေးစနစ်ကို ညှိနှိုင်းဆောင်ရွက်ရန်။
- နှစ်ပတ်လည်ဘတ်ဂျက်များ ပြင်ဆင်ရာတွင် ပါဝင်ပူးပေါင်းလုပ်ဆောင်ရန်။
- လိုအပ်သလို အေးဂျင့်များ၊ ကုန်ပေးသွင်းသူများ၊ သယ်ယူပို့ဆောင်ရေးကုမ္ပဏီများနှင့် ချိတ်ဆက် ဆောင်ရွက်ရန်။
- အလုပ်ခွဲတမ်းအား စီစဉ်ရန်၊ အလုပ်များအား သင့်လျော်စွာ သတ်မှတ်ပေးပြီး ရလဒ်များအား အကဲဖြတ် ရန်။
- ဂိုဒေါင်အတွက် လိုအပ်သောဝန်ထမ်းများအား စုဆောင်းရန်၊ ရွေးချယ်ရန်၊ လမ်းညွှန်ချက် ပေးရန်၊ နည်းပြရန်နှင့် အလုပ်လုပ်လိုစိတ်အားကောင်းအောင် လုပ်ဆောင်ပေးရန်။
- ကုန်သိုလှောင်ရုံဌာနမှ ပံ့ပိုးပေးသော ဝန်ဆောင်မှုများ၏ အရည်အသွေးကို တုံ့ပြန်ချက် ရယူရန်နှင့် စောင့်ကြည့်ရန်။
- အစီရင်ခံစာများနှင့် စာရင်းအင်းများ ပုံမှန်ထုတ်ရန် ကုန်ဝင်၊ ကုန်ထွက်အခြေအနေ အစီရင်ခံစာ၊ အသုံးမတည့်တော့သည့် ကုန်လက်ကျန်ဆိုင်ရာ အစီရင်ခံစာ စသည်များကို အထက်လူကြီးအား လစဉ် စာရင်းပြုစုပြီး အစီရင်ခံတင်ပြရန်။
- ရည်မှန်းချက်များချမှတ်ရန်နှင့် လိုအပ်ချက်များကို နားလည်ရန် အခြားမန်နေဂျာများနှင့် ချိတ်ဆက်ရန်။
- ကုန်ကျစရိတ်ကို ခန့်မှန်းပြီး ဘတ်ဂျက်ပြင်ဆင်ရန်။
- သတ်မှတ်ရက်များအတွင်းပြည့်မီရန် အလုပ်အသွားအလာများကို စီမံခန့်ခွဲရန်။
- ထုတ်လုပ်မှုကို စောင့်ကြည့်ပြီး အခက်အခဲများအား ဖြေရှင်းရန်။
- ထုတ်လုပ်မှုဝန်ထမ်းများ (အရည်အသွေးစစ်ဆေးရေးမှူးများ၊ အလုပ်သမားများ စသည်တို့) ၏ စွမ်းဆောင်ရည်ကို ကြီးကြပ်အကဲဖြတ်ရန်။
- ကုန်ထုတ်လုပ်မှုအတွက် လိုအပ်သော အရင်းအမြစ်များ (လုပ်သားအင်အား၊ ကုန်ကြမ်း စသည်) ပမာဏ ကို သတ်မှတ်ရန်။
- ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ၊ စက်ကိရိယာများဝယ်ယူခြင်းများ စသည်တို့အား အတည်ပြုပေးရန်။
- ထုတ်ကုန်များ၏အရည်အသွေးသည် သတ်မှတ်ထားသည့်စံနှုန်းများနှင့် ကိုက်ညီကြောင်း သေချာစစ်ရန်။
- ထုတ်ကုန်ဧရိယာနှင့် စက်ရုံများတွင် ကျန်းမာရေးနှင့် ဘေးကင်းရေး ကြိုတင်ကာကွယ်မှု များကို လိုက်နာ ရေးအတွက် ညှိနှိုင်းဆောင်ရွက်ရန်။
- အထက်အရာရှိများထံသို့ အစီရင်ခံသတင်းပို့ရန်။
Working Hours: 9:00AM to 5:00PM
Holidays: Sunday and Public Holiday
Benefit: Ferry will be provide
How to Apply: Please email cv@vacjobsearch.com with your Microsoft Word CV file and job title and job ref no. in the subject line.
Hotline: 01-8395936, 09-765395936
Job Detail
-
Offerd Salary2,000,000 - 2,500,000 MMK
-
Career LevelTop-level Management
-
Experience5 Years
-
INDUSTRYManufacturing / Production
-
QualificationBachelor